ကျနော် လေ့လာမိသမျှ facade Engineering အပိုင်း (၂)
Function of Facade ကို Engineering Aspects နဲ့ Architectural Aspects ဆိုပြီး နှစ်ပိုင်းခွဲပြောနိုင်ပါတယ်။
Engineering ပိုင်းမှာ သဘာဝရဲ့ သက်ရောက်မှုတွေ ကာကွယ်ဖို့၊ Requirement တွေ Specification တွေ လိုက်နာဖို့၊ Safety ပိုင်းလိုအပ်ချက်များ၊ Fire Protection Building သက်တမ်းတစ်လျှောက် Maintenance ပြုလုပ်ရန်များ၊ Material components များ ပါဝင်ပြီး Architectural ပိုင်းမှာတော့ Design နေထိုင်သူတွေ အတွက် function ပိုင်း အဆင်ပြေစေမှု Cost နဲ့ Budget တွက်ချက်မှု Building Performance နဲ့ Building Ability ဆိုပြီး ပါဝင်ပါတယ်။
Facade Design ပြုလုပ်ရာမှာ factor တွေ အနေနဲ့ Budget, Specification, Aesthetic, Time, Durability, Economy, Build Ability, Maintainability, Quality စတာတွေကို ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ Project Specification တွေ ကို သတ်မှတ်ရာမှာလဲ
Performance Specification နဲ့ Technical Specification ဆိုပြီး ထည့်သွင်းသတ်မှတ်ရပါတယ်။
အသုံးပြုရမယ့် မှန်နဲ့ပါတ်သတ်တဲ့ data တွေ၊ လေတိုက်နှုန်းတွေ၊ သက်ဆိုင်ရာနိုင်ငံဒေသရဲ့ သတ်မှတ်ထားတဲ့ standard တွေ Coating နဲ့ပါတ်သတ်ပြီး clarification တွေ၊ Quality requirements တွေ၊ Performance data တွေ၊ Recommend system ဒါမှမဟုတ် သူနဲ့ တူညီတဲ့ system တစ်ခုခု၊ Mock up မှာမှ Visual Mock up နဲ့ performance mock up တွေ အစရှိတာတွေ သတ်မှတ်ဖော်ပြရလေ့ရှိပါတယ်။ တခါတရံမှာ project လိုအပ်ချက်အရ ဒီထက် ပိုတာမျိုးတွေလဲ ရှိနိုင်ပါတယ်။
Facade engineer မှ ဒီလို specification တွေ သတ်မှတ်ဖော်ပြလိုက်ခြင်းအားဖြင့် tender stage မှာ Quotation တွေကို နှိုင်းယှဉ်ရ ပိုမိုလွယ်ကူစေပါတယ်။ Project ဆောင်ရွက်ရာမှာလဲ reference data တစ်ခု ကောင်းမွန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။
R Kar
27/9/2020