Ko Myo Min Thu (Batch 4)

ဒီနေ့ မှာတော့ Meet our Alumni အစီအစဉ် အနေနဲ့ Professional Diploma in Facade Engineering Batch (4) မှ Ko Myo Min Thu ရဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

Q1. Mullion Facade Engineering School မှာ Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းအကြောင်းလေးမိတ်ဆက်ပေးပါဦး။
Answer: Aluminum facade ပိုင်းမှာ ဝါရင့် ဆရာတွေဆီမှ စာတွေ့လက်တွေ့ များကို လေ့လာသင်ယူချင်တဲ့ အတွက် တက်ရောက်ဖြစ်ခဲ့ပါတယ်။

Q2. ဒီသင်တန်းကနေ ရရှိခဲ့တဲ့ နည်းစနစ် နှင့် ကျွမ်းကျင်မှုတွေက သင့်ရဲ့ လုပ်ငန်းခွင်အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့ပါသလဲ?
Answer: ဒီ Professional Diploma in Facade Engineering သင်တန်းကနေ Door window Detail Drawing များနဲ့ သပ်ရပ်သော Quotation များပြုလုပ်နိုင်ခြင်း ၊ CUTTING LIST များformula ချိတ်ဆက်ပြုလုပ်နိုင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များအား အသိပညာများအားပြန်လည် မျှဝေနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ သင်ယူ ရရှိခဲ့ပါတယ်။

Q3. ဒီသင်တန်းက တက်ရောက်ခြင်းကြောင့် အထောက်အပံ့ဖြစ်သွားတဲ့ အတွေ့အကြုံ (သို့) ရလဒ်တစ်ခုကို ပြောပြပေးပါဦး။
Answer: သင်တန်းတက်ပြီးနောက်ပိုင်းမှာ မှန် အလူမီနီယံ ပြတင်းတံခါး ပြုလုပ်မယ် ဆိုရင် အရင်ကလိုအထင်နဲ့ပြုလုပ်တာမျိုးမဟုတ်ဘဲနည်းစနစ်တကျ ပြုလုပ်တတ်လာပါတယ် frame ခံနိုင်ရည် Hardware ပိုင်းGlass weight ခံနိုင်ရည် တွေကိုပါ ထည့်သွင်း စဉ်းစားတတ်လာပါတယ်။

Q4. Mullion Facade Engineering School ရဲ့ သင်ရိုးညွှန်းတမ်း (သို့) ဆရာများ၏ အကျိုးကျေးဇူးထဲမှ ဘာတွေက သင့်အတွက် အထောက်အကူ အများဆုံး ဖြစ်ခဲ့ပါသလဲ၊ ဘာကြောင့်လဲ?
Answer: အဆောက်အဦး နေရာဒေသ ပေါ်မူတည်ပြီး Design Calculation တွက်ချက်ပုံ စဉ်းစားပုံ၊ Glass အမျိုးအစား ဗဟုသုတများ Aluminum grade များအလိုက် အသုံးပြုသည့် နေရာကွာခြားပုံ၊ Cutting software များ အကူအညီဖြင့် လုပ်ငန်းမြန်ဆန်စေခြင်း၊ Lighting ပိုင်း/ green energy အရေးပါမှုများ/ Wallplus တွက်ချက် အသုံးပြုပုံများ စသည့် သင်ရိုးများအားလုံး အထောက်အကူ များစွာ ရရှိပါတယ် ခင်ဗျာ။

Q5. Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖို့ စဉ်းစားနေ သူတွေ ကို သင့်အနေ နဲ့ ဘာတွေ များ အကြံပြုချင်ပါသလဲ?
Answer: တကယ် အကျိုးရှိပြီး အသိပညာတိုးတက်စေမယ့်သင်တန်းဖြစ်တဲ့အတွက် အခွင့်အရေးလက်လွတ်မခံဘဲ တက်ရောက်သင်ကြားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကိုမျိုးမင်းသူ ကို ကျေးဇူးအများကြီးတင်ပါတယ်။