Eaint Kay Khing Soe (Batch 4)

ဒီနေ့ မှာတော့ Meet our Alumni အစီအစဉ် အနေနဲ့ Professional Diploma in Facade Engineering Batch (4) မှ မအိမ့်ကေခိုင်စိုး ရဲ့ သင်တန်းနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးလိုက်ပါတယ်။

Q1. Mullion Facade Engineering School မှာ Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းအကြောင်းလေးမိတ်ဆက်ပေးပါဦး။

Answer: Facade Field ကို အလုပ်လုပ်ရင်း ပိုစိတ်ဝင်စားလာပြီး Specialist တစ်ယောက်ဖြစ်ဖို့ အကူအညီဖြစ်နိုင်မယ် ယုံကြည်ပြီး ဒီသင်တန်းလေး ကို တက်ရောက်ဖြစ်ခဲ့တာပါ။

Q2. ဒီသင်တန်းကနေ ရရှိခဲ့တဲ့ နည်းစနစ် နှင့် ကျွမ်းကျင်မှုတွေက သင့်ရဲ့ လုပ်ငန်းခွင်အတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိခဲ့ပါသလဲ?

Answer: အစက အလုပ်မှာ Design တစ်ခု လုပ်ပြီဆိုရင် ရှေ့ကလူ ဘယ်လိုလုပ်ထားလဲ အတွေ့အကြုံအရ ဘယ်လိုတွေ Design လုပ်လဲ ပေါ် အဓိက ကြည့်ပြီး အလုပ်လုပ်ဖြစ်ခဲ့ပါတယ် ။ ဘာကြောင့်မို့ ဒီလို design ၊ Aluminum Profile ၊ Accessories ကို ရွေးချယ်ရသလဲ ကို သင်တန်းတက်ပြီးနောက်ပိုင်းမှာ သေချာ တွက်ချက်ပြီး ရွေးချယ် ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

Q3. ဒီသင်တန်းက တက်ရောက်ခြင်းကြောင့် အထောက်အပံ့ဖြစ်သွားတဲ့ အတွေ့အကြုံ (သို့) ရလဒ်တစ်ခုကို ပြောပြပေးပါဦး။

Answer: ဒီသင်တန်းကြောင့် အရင်ထက် လုပ်ငန်းမှာ ပိုသိ ပိုလုပ်နိုင်လာတဲ့အတွက် ရာထူးတိုး ခဲ့ပါတယ်

Q4. Mullion Facade Engineering School ရဲ့ သင်ရိုးညွှန်းတမ်း (သို့) ဆရာများ၏ အကျိုးကျေးဇူးထဲမှ ဘာတွေက သင့်အတွက် အထောက်အကူ အများဆုံး ဖြစ်ခဲ့ပါသလဲ၊ ဘာကြောင့်လဲ?

Answer: ဆရာ 3 ယောက်လုံး သင်ပေးတာအကုန် အလုပ်မှာ အထောက်အကူဖြစ်ပါတယ်။ ညီမကတော့ Facade Designer Position နဲ့ လုပ်နေတာမို့ Structure Calculation က အဓိကကျသလို Materials တွေရဲ့ Specification and Knowledge တွေကလည်း အလုပ်မှာ တကယ်ကို အသုံးဝင်ခဲ့ပါတယ်။

Q5. Professional Diploma in Facade Engineering သင်တန်းကို တက်ရောက်ဖို့ စဉ်းစားနေ သူတွေ ကို သင့်အနေ နဲ့ ဘာတွေ များ အကြံပြုချင်ပါသလဲ?

Answer: Facade Field ကို ခုမှ စjoin မယ့် သူပဲဖြစ်ဖြစ် ၊ Facade Field နဲ့ ပတ်သတ်ပြီး သေချာလေ့လာသင်ယူချင်ရင် ဒီသင်တန်းကို အချိန်ပေးပြီး တက်ကြည့်သင့်ပါတယ်။ တကယ် recommend ပေးပါတယ်။ ဆရာတွေက စေတနာအရမ်းပါသလို သိသမျှကို ရှင်းပြ ပြောပြပေးပြီး လက်တွေ့လုပ်ငန်းမှာ ပြန်ပြီး အသုံးချလို့ရပါတယ်။ နောက်ပိုင်း Modern Building တွေမှာ Facade ကဏ္ဍက အရေးပါလာတာမို့ စိတ်ဝင်စားတယ်ဆိုရင် ဒီသင်တန်းက တကယ်ကို တက်သင့်တဲ့ သင်တန်းပါရှင့်။

ဟုတ်ကဲ့ အခုလို အချိန်ပေး ဖြေကြားပေးတဲ့ အတွက် မအိမ့်ကေခိုင်စိုး ကို ကျေးဇူးအများကြီးတင်ပါတယ်။