ကျနော်နဲ့ လေ့လာမိသမျှ Facade Engineering (အပိုင်း ၁)
Facade ဆိုတဲ့ စကားလုံးကို ကျနော်တို့ တော်တော်များများ ကြားဖူးပြီး ဖြစ်ကြမှာပါ။ ယခုနှစ်ပိုင်းတွေမှာ မှန်နဲ့ Aluminum လုပ်ငန်းတွေကြားထဲ ပိုမို အပြောများ အသုံးများလာတဲ့ စကားလုံးတစ်ခုပေါ့။
Facade ဆိုတာဘာပါလဲ ?
Facade ဆိုတာ အလွယ်ဆုံးပြောရရင် အဆောက်အဦးတွေရဲ့ ပြင်ပမျက်နှာစာလို့ ပြောလို့ရပါတယ်။ facade ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ ရာသီဥတုရဲ့ဒဏ်ကနေ ကာကွယ်ပေးပြီး နေထိုင်သူတွေကို သက်တောင့်သက်သာ အဆင်ပြေပြေ ဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် energy cost ကို ချွေတာနိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေဖို့ လုံခြုံမှုရှိဖို့ အဆောက်အဦးပြင်ပ design ကို လှပခန့်ငြားစေဖို့ စတာတွေကိုလဲ လုပ်ဆောင်ပေးပါတယ်။
သူ့မှာ ဘယ်အချက်တွေနဲ့ ပြည့်စုံသင့်သလဲ? ဘယ် material ကို ရွေးချယ် အသုံးပြုရမလဲ? ဘယ်လို ပုံစံသွင်ပြင်မျိုးတွေ ရှိရမလဲ? ဘယ်လောက်ကြံ့ခိုင်အောင် design ပြုလုပ်ထားမလဲ? အစရှိသည်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရတဲ့ engineer ပညာရပ်ကို facade engineering လို့ ခေါ်ပါတယ်။
Facade engineering ရှိရင် facade engineer ဆိုတာလဲ ရှိမှာပေါ့။ ရှိပါတယ်။ Facade design တွေ ပြုလုပ်ဆောင်ရွက်ဖို့အတွက် facade engineer တွေ ရှိပါတယ်။ ရှိဖို့လဲ လိုအပ်ပါတယ်။ Facade engineer တွေကိုမှ Generalist နဲ့ Specialist ဆိုပြီး ခွဲလို့ရပါသေးတယ်။
Generalist တွေဆိုတာ အသုံးပြုမယ့် material component တွေ အကြောင်းနားလည်တဲ့ performance data တွေက ဘာကိုညွှန်းဆိုသလဲ ဆိုတာကို သဘောပေါက်တဲ့ facade နဲ့ ပါတ်သတ်ပြီး အသိအမြင်ရှိသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ Specialist တွေကတော့ အဲ့ထက် Technical ကို detail ပိုကျစွာ သိသူတွေကို ဆိုလိုသတ်မှတ်တာ ဖြစ်ပါတယ်။
Facade Engineering မှာ ဘယ်လို အရာတွေ ပါဝင်နေပါသလဲ?
Architectural design
Mechanical engineering
Structural engineering
Building physics
Acoustic
Green Building
Energy Calculations
Kinematic စတာတွေ ဟာ facade engineering ထဲမှာ ပါဝင်ပါတယ်။
Facade Specialist တစ်ဦးဟာ Facade specification တွေကို ဖတ်ရှုနားလည်နိုင်ရမယ်။ Thermal calculation တွေ load တွေကို သေချာရှင်းလင်းပြနိုင်ပြီး Client ရဲ့ decision making အတွက် ပံ့ပိုးကူညီ တာမျိုးတွေ လုပ်ဆောင်နိုင်ရမယ်။ Facade နဲ့ သက်ဆိုင်တဲ့ Critical issues တွေ ကို architects တွေ နဲ့ subcontractors တွေ ကို အကြံပြုနိုင်ရမယ်။ System တွေ test လုပ်ရမယ် နောက်ပြီး test results တွေအပေါ် သုံးသပ်ချက် ပေးနိုင်ရပါမယ်။ Facade လုပ်ငန်းနဲ့ ပါတ်သတ်ပြီး ဆက်စပ်လုပ်ဆောင်မယ့် အဖွဲ့အားလုံးကြားမှာ ချိတ်ဆက်မှု ကောင်းကောင်းလုပ်ဆောင်နိုင်ရပါမယ်။
Pre design stage မှာ concept development ကောင်ကောင်းလုပ်နိုင်ရပါမယ်။ Tendering မှာ facade package နဲ့ပါတ်သတ်လို့ items နဲ့ budget ကို review လုပ်ကာ cost saving ဖြစ်မယ့် နည်းလမ်းတွေ လဲ စဉ်းစား design idea ပေးနိုင်ဖို့ လိုပါတယ်။ Tender documents ပြင်ဆင်ရာမှာလဲ architect ကို support လုပ်ပေးတာမျိုး subcon ကူညီ ရွေးချယ်ပေးရတာမျိုး Quality review လုပ်ပြီး approval ပေးတာ ငြင်းပယ်တာမျိုးတွေလဲ လုပ်ဆောင်နိုင်ရပါတယ်။
တစ်နေရာနဲ့ တစ်နေရာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွဲလွဲချက်တွေ ရှိနိုင်ပေမယ့် အခြေခံအားဖြင့်တော့ facade engineer တစ်ဦးစာ အထက်ပါအချက်တွေထဲက 70 % ဝန်းကျင်ကိုတော့ လုပ်ဆောင်ကြရလေ့ရှိပါတယ်။
R Kar
27/9/2020