ကျနော်လေ့လာမိသမျှ facade Engineering အပိုင်း (၃)
Facade Cladding Technology မှာ အမျိုးမျိုးသော material components ရွေးချယ်စရာတွေ ရှိပါတယ်။
အများဆုံး ရွေးချယ်လေ့ရှိတာတွေကတော့
- မှန်
- Aluminum Composite Panel
- Solid Aluminum
- Stone Cladding
- Aluminum Strip
- Louver တို့ ဖြစ်ကြပါတယ်။
အခြား အသုံးပြုလေ့ ရှိတာတွေလည်း ရှိပါတယ်။
- GRC ( Glass fiber Reinforced Concrete)
- FRP ( Fiber Reinforced Polyester)
- CFRC ( Carbon fiber reinforced Composite)
- Ceramic
- Timber
- Fabric အစရှိတာတွေ လဲ alternative material များ အနေနဲ့ အသုံးပြုကြတာရှိပါတယ်။
(အသုံများတဲ့ Material Component တွေ အကြောင်းကို နောက်မှာ အသေးစိတ်ထပ်မံ ရေးသားပါဦးမယ်)
Facade အတွက် material components တွေ ရွေးချယ်ရာမှာ အခြေခံအားဖြင့် Durability နဲ့ Degradation ဆိုတဲ့ အချက် 2 ချက်အပေါ်မှာ စဉ်းစားဆုံးဖြတ်ကြပါတယ်။ Durability ဆိုတာကတော့ material ရဲ့ သက်တမ်းဘယ်လောက်ကြာရှည်ခံမလဲ ဆိုတာကို စဉ်းစားရတာပါ Definition အရတော့ Maintenance လုပ်စရာမလိုပဲ သူရဲ့ design life တစ်လျှောက် ဘယ်လောက်ကြာရှည်ခံနိုင်မယ်ဆိုတဲ့အပေါ် မူတည်ဆုံးဖြတ်တယ် လို့ ဆိုပါတယ်။
Degradation ဆိုတာကတော့ အားလျော့ပျက်စီးလာတဲ့ အခြေအနေတွေဆိုတာဖြစ်ပြီး ဘယ်လိုတွေ ကြာရှည်ခံအောင်လုပ်မလဲ၊ ကာကွယ်တားဆီးထားမလဲ ဆိုတာကို ဆုံးဖြတ်ဖို့အတွက် Degradation ကို သေချာသိဖို့ လိုအပ်ပါတယ်။
Durability နဲ့ Degradation အပေါ် သက်ရောက်တဲ့ Environmental factor တွေ အနေနဲ့
- Solar radiation
- Temperature ပြောင်လဲ မှုများ
- ရေ နဲ့ ရေငွေ့
- လေ
- မိုး
- နှင်း
- ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေဖြစ်တဲ့ လေပြင်းမုန်တိုင်းတွေ၊ ရေကြီး ရေလျှံမှုတွေ မိုးသီးကြွေခြင်း အစရှိတာတွေက သက်ရောက်ပြီး material ရဲ့ lifetime အပေါ် impact သက်ရောက်ပါတယ်။
ဒီအခါမှာ Degradation ဖြစ်ပေါ်စေမယ့် အချက်တွေ ဖြစ်တဲ့
- ပွတ်တိုက် ပျက်စီးမှုများ
- Dimensional change
- အရောင်လွင့်ပြယ်လာခြင်း
- ဆွေးမြည့်ခြင်း
- ရေ / လေ အစရှိသည်တို့ ယိုစိမ့်လာခြင်း
- ဖောင်းကြွလာခြင်း
- အရည်ပျော်လာခြင်း
- ဆားပေါက်ခြင်း
- ပွန်းပဲ့ ခြင်း တို့ ဖြစ်ပေါ်လာ ကြပါတယ်။
ဒါတွေ ဖြစ်ပေါ်လာတဲ့အခါ ဘယ်လို အချိန်မှီထိန်းသိမ်းကြမလဲ၊ ပျက်စီးမှုကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတာတွေဟာ facade design ပြုလုပ်စဉ်ကတည်းက ထည့်သွင်းစဉ်းစားထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။